ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ မတ် ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မတ် ၂၃ ရက် နံနက် ၁၁ နာရီခွဲတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ့်ဖားရပ်ကွက် ပူးပေါင်းစစ် ဆေးရေးစခန်းတွင် ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့ဘက်သို့ တူးဂျာမောင်းနှင်ပြီး အီးဆပ် လိုက်ပါလာသည့် MAZDA BT-50 မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဘိန်းဖြူ ၁၁ ဒသမ ၅၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၆,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၃ နာရီခွဲတွင် ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဂွန်းဆန်မောင်းနှင် ပြီး ဆိုင်းနော်နှင့် ဇော်ဂွန်းမိုင်တို့ လိုက်ပါလာသည့် HAVAL မော်တော်ယာဉ်ကို ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာ၊ (၅) မိုင်စစ်ဆေးရေးစခန်းတွင် ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ ၁ ဒသမ ၃၅ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၄,၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂ ဒသမ ၈၇ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၆,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ နောနော် (ခ) ခေါင်နော် ကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် နေအိမ်တွင် ဖမ်းဆီးရမိပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

 

mdn