ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဗြိတိန်နိုင်ငံက သတင်းစာလုပ်ငန်းတွေမှ လုပ်သား ၅၅၀ လျှော့ချဖို့ စီစဉ်နေ

၇ ဇူလိုင်

 

ဗြိတိန်နိုင်ငံရဲ့ သတင်းစာတွေဖြစ်တဲ့ Daily Mirror နဲ့ Daily Express ထုတ်ဝေသူ Reach ကုမ္ပဏီမှ လုပ်သား ၅၅၀ ကို လျှော့ချဖို့ စီစဉ်နေကြောင်း၊ ဗိုင်းရပ်စ်ပိုးကြောင့် သတင်းစာဖတ်သူတွေဟာ အွန်လိုင်းသတင်းစာကို ပိုမိုဖတ်ရှုလာကြောင်းနဲ့ ကြော်ငြာအင်အား လျော့နည်းသွားတဲ့အတွက် အခုလို စီစဉ်ရတာဖြစ်ကြောင်း အုပ်ချုပ်ရေးဒါရိုက်တာ ဂျင်မူလန်က ဒီနေ့ (အင်္ဂါနေ့) မှာ ပြောကြားပါတယ်။

 

Reach ကုမ္ပဏီမှ လုပ်သားအင်အား ၁၂ ရာခိုင်နှုန်းကို လျှော့ချမှာဖြစ်တဲ့အတွက် တစ်နှစ်ကို စတာလင်ပေါင် ၃၅ သန်း (အမေရိကန်ဒေါ်လာ ၄၃ သန်း) ချွေတာသွားနိုင်ဖို့ဖြစ်ကြောင်း သိရပါတယ်။

 

Reach ကုမ္ပဏီမှ ဒေသတွင်းသတင်းစာစောင်ရေ အချို့လည်း ရှိတဲ့အတွက် အဲဒီတန်ဖိုးမှာ စတာလင်ပေါင် သန်း ၂၀ ရှိကြောင်း သိရပါတယ်။

 

သတင်းစာစောင်ရေ ကျဆင်းခြင်းနဲ့ ကြော်ငြာအင်အား ကျဆင်းမှုတို့ကြောင့် Reach ကုမ္ပဏီရဲ့ ဒုတိယလေးလပတ်ရဲ့ ဝင်ငွေဟာ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn