ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နှုန်း များနေတဲ့အတွက် ဘိုလီးဗီးယား ရွေးကောက်ပွဲ ဒုတိယအကြိမ်ရွှေ့ဆိုင်း

၂၄ ဇူလိုင်

 

 

ဘိုလီးဗီးယားနိုင်ငံမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်ကြောင်း ကြာသပတေးနေ့က ရွေးကောက်ပွဲဆိုင်ရာ တရာရုံးက ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နှုန်း များနေတဲ့အတွက် ရွေးကောက်ပွဲရက်ကို အောက်တိုဘာ ၁၈ ရက်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 

 

ကနဦးက ရွေးကောက်ပွဲကို မေလမှာ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် ကမ္ဘာ့ကပ်ရောဂါပိုးကြောင့် စက်တင်ဘာ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁၈ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

 

 

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်အရ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အများဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေဟာ ဩဂုတ်လကုန်ပိုင်း သို့မဟုတ် စက်တင်ဘာလ အစောပိုင်းမှာ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ ဒီအခြေအနေကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်လိုက်တာဖြစ်ကြောင်း၊ ရွေးကောက်ပွဲလေ့လာမယ့် နိုင်ငံတကာက လေ့လာမယ့် သူတွေအတွက်ပါ စဉ်းစားပြီး ရက်ရွှေ့ဆိုင်းတာဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ တရားရုံးရဲ့ အကြီးအကဲ ဆာဗာဒို ရိုမီရိုက ပြောပါတယ်။

 

 

ဘိုလီးဗီးယား နိုင်ငံမှာ  ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ,၁၁၇ ဦးရှိရာ စုစုပေါင်း ၆၅,၂၅၂ ရှိပါတယ်။ သေဆုံးသူ မှာ ၂၄ နာရီအတွင်း ၇၉ ဦးရှိတဲ့အတွက် စုစုပေါင်း ,၄၀၇ ရှိကြောင်း ဇူလိုင် ၂၄ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP