ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှာဖွေရန် စမတ်ဟဲမတ် ကို မွမ်းဘိုင်းမြို့တွင် အသုံးပြုလာ

၂၂ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ များပြားလာတဲ့ မွမ်ဘိုင်းမြို့ မှာ ဗိုင်းရပ်စ်ပိုး ရှာဖွေရန် အဆင့်မြင့် နည်းပညာကို အသုံးပြုထားတဲ့ စမတ် ဟဲမတ် များကို လူနေထူထပ်တဲ့ နေရာတွေကို စေလွှတ်ထားကြောင်း သိရပါတယ်။

 

 

ကိုယ်အပူချိန် တိုင်းတာနိုင်တဲ့ ကိရိယာပါရှိတဲ့ စမတ်ဟဲမတ်ဟာ အရင်ကလည်း ဒူဘိုင်း၊ အီတလီနဲ့ တရုတ်နိုင်ငံတွေမှာ သုံးစွခဲ့ပြီးကြောင်း သိရပါတယ်။ တစ်မိနစ်အတွင်း လူပေါင်းဆယ်ချီပြီး အပူချိန်တိုင်းတာရန် ကျန်းမာရေး ဝန်ထမ်းတွေက မလုပ်နိုင်ပေမယ့် စမတ် ဟဲမတ်ကတော့ လုပ်ဆောင်နိုင်ပါတယ်။ လူဦးရေ ၁၈ သန်း နေထိုင်တဲ့ မွမ်ဘိုင်းမြို့မှာ စမတ်ဟဲမတ်ဟာ ကိုယ်အပူချိန် တိုင်းတာရန် အဓိက ပစ္စည်းတစ်ခု အနေနဲ့ စေလွှတ်တာဖြစ်ပါတယ်။

 

 

လူ ၂၀,၀၀၀ လောက်နေထိုင်တဲ့ ကျူးကျော်ရပ်ကွက်တွေကို သွားပြီး ကိုယ်အပူချိန် တိုင်းတာမယ်ဆိုရင် သုံးနာရီလောက် ကြာအတွင် လူ ပေါင်း ၃၀၀ လောက်သာ ကိုယ်အပူချိန် တိုင်းတာနိုင်မှာဖြစ်ပေမယ့် စမတ်ဟဲမတ် နဲ့ အပူအပူချိန် တိုင်းတာမယ်ဆိုရင် လူ ၆,၀၀၀ လောက်ကို နှစ်နာရီခွဲအတွင်းမှာ စစ်ဆေးနိုင်ကြောင်း သိရပါတယ်။ ကိုယ်အပူချိန်တိုင်းတာခံမယ့် သူတွေဟာ မိမိနေအိမ်မှ ထွက်ပြီး  စမတ်ဟဲမတ်ရှေ့တွင် မတ်တပ်ရပ်ပေးရုံဘဲလို့ ဆိုပါတယ်။

 

 

စမတ်ဟဲမတ်တွေကို  မွမ်ဘိုင်းနဲ့ ပူနီမြို့တွေမှ တာဝန်ရှိသူတွေ ကို Bharatiya Jain Sanghatana စေတနာ့ဝန်ထမ်းအဖွဲ့ကနေ လှူဒါန်းထားကြောင်း သိရပါတယ်။ ဒီမြို့နှစ်ခုလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို တိုက်ဖျက်ရန် တစ်လတိတိ အသွားအလာ ပိတ်ထားကြောင်း သိရပါတယ်။

 

 

နိုင်ငံခြားက တင်သွင်းလာတဲ့ ဒီဟဲမတ်ရဲ့ တန်ဖိုးဟာ ရူပီးငွေ ၆၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈,၀၄၅) ရှိကြောင်း သိရပါတယ်။

 

 

 

MDN

ကိုးကား - AFP