ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲသစ်ကို WHO က လေ့လာလျက်ရှိ

၂၂ ဒီဇင်ဘာ

 

 

အင်္ဂလန်နိုင်ငံတွင် ပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တစ်မျိုးကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လေ့လာလျက်ရှိသည်။

 

 

အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲနှင့် ပတ်သက်ပြီး လေ့လာလျက်ရှိကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အာနန်က ယမန်နေ့က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

 

ဗြိတိန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်မှာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လွယ်ကြောင်း သို့သော်လည်း ရောဂါပြင်းထန်ခြင်းနှင့် သေဆုံးမှုကို ဖြစ်ပေါ်စေနိုင်သည့် အထောက်အထား မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

သိပ္ပံပညာရှင်များမှ ဗိုင်းရပ်စ်အား ခုခံနိုင်သည့် ကိုယ်ခံစွမ်းအား တုံ့ပြန်မှု ထွက်ပေါ်ခြင်းကို စောင့်ကြည်နေကြောင်း WHO မှ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်မှုတာဝန်ခံ မာရီယာဗန်ကာကိုဗေးက သတင်းထောက်များသို့ ယမန်နေ့က ပြောကြားခဲ့သည်။

 

 

အဆိုပါ ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲသစ်မှာ ကူးစက်ပျံ့နှံ့မှု လျင်မြန်လျက်ရှိကြောင်း WHO သိပ္ပံပညာရှင်ချုပ် ဆူမာဆာမင်နသန်က ပြောကြားခဲ့သည်။

 

 

လက်ရှိအသုံးပြုနေသည့် ကုထုံးများ၊ ကာကွယ်ဆေးများ အပေါ်၌ ဗိုင်းရစ်မျိုးကွဲသစ်က သိသိသာသာ သက်ရောက်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

အဆိုပါ ကိုရိုနာဗိုင်းရစ် မျိုးကွဲသစ်ကို ဩစတြေးလျ၊ အိုက်စလန်၊ အီတလီ၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံတို့တွင်လည်း ပျံ့နှံ့လျက် ရှိသည်ဟု WHO က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn