ကြို့ပင်ကောက် ၁  မေ 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ဖျားနာလူနာများအား (အခမဲ့) ကုသပေးသည့် ဆေးခန်းသို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည့်အဖွဲ့က ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသော အလှူငွေရှစ်သိန်းခွဲကို မေလ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီက ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ ဖျားနာရောဂါကု (အခမဲ့) ဆေးခန်းကို ကြို့ပင်ကောက်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းကော်မတီက ဧပြီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ဆရာဝန် (၈) ဦးမှ အလှည့်ကျကုသပေးရာ ယနေ့အချိန်အထိ လူနာပေါင်း ၁၃၅ ဦးကို ကုသပေးခဲ့သည်။ ဆေးခန်းတွင် လိုအပ်လျက်ရှိသော ဆေးနှင့် အထောက်အကူပြု ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အလှူငွေ ရှစ်သိန်းခွဲအား တိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က မြို့နယ်ဆရာဝန်ကြီးနှင့် ဆေးခန်းတာဝန်ခံထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးမှ ဆေးခန်းအတွင်း လူနာများ စာရင်းပေးသွင်းရာနေရာ ရောဂါရှာဖွေ ကုသပေးရာ အခန်းတို့အား ကြည့်ရှု့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကူညီဆောင်ရွက်ပေးကြသော စေတနာ့ဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့သည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)