ကိုပါအီတာလီယာဖလား (၁၄) ကြိမ်မြောက် ဂျူဗင်တပ်စ်အသင်း ဆွတ်ခူးပြီး ပြင်သစ်ဖလားကို ပီအက်စ်ဂျီအသင်း (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့

၂၁  မေ

ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲ အဖြစ် မေ ၂၀ ရက် နံနက်ပိုင်းက အတ္တ လန္တအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာဂျူဗင်တပ်စ် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိပြီး (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် အတ္တလန္တာ အသင်းရော၊ ဂျူဗင်တပ်စ်အသင်းပါ ( မှတ်တမ်းသစ်ရေးထိုးနိုင်ရန် အကောင်းဆုံး ပြင်ဆင်လာခဲ့သည့်အတွက် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ဦးဆောင်ဂိုးကို ဂျူဗင်တပ်စ်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၃၁ မိနစ်တွင် မက္ကင်နီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ကလူဆက်စကီးက သွင်းယူပေးနိုင်ခဲ့ သည်။ အတ္တလန္တာအသင်းကလည်း ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက်ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၄၁ မိနစ်တွင် မာလီနိုဗက် စကီးက သွင်းယူ ပေးနိုင်ခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၇၃ မိနစ် တွင် ကလူဆက်စကီး၏ ဖန်တီးပေးမှုမှတစ်ဆင့် ချီယေဆာက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံးလူစားလဲမှုများ ပြုလုပ်လာခဲ့သော်လည်း ပွဲချိန်ပြည့်သည်အထိ ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ဂျူဗင်တပ်စ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေတွင် ရာသီပိတ် ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာ အသင်းနှင့် မေ ၂၄ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် အဆိုပါပွဲစဉ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမလား စောင့်ကြည့်ရမည်ဖြစ်သည်။

ပြင်သစ်ဖလားဗိုလ်လုပွဲစဉ်အဖြစ် မေ ၂၀ ရက် နံနက်ပိုင်းက မိုနာကိုအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပီအက်စ်ဂျီအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပြင်သစ်ဖလားကို (၁၄)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ | ပီအက်စ်ဂျီအသင်းအတွက် ဂိုးများကို အီကာဒီနှင့် အမ်ဘတ်ပီတို့က ပွဲချိန် ၁၉ မိနစ်နှင့် ၈၁ မိနစ်တို့တွင် သွင်းယူပေးနိုင်ခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် လာမည့် မေ ၂၄ ရက်တွင်လီဂူးဝမ်းရာသီပိတ်ပွဲစဉ်အဖြစ် ဘရက်စ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ် သည်။ ပီအက်စ်ဂျီအသင်းသည် လီဂူးဝမ်းအမှတ်ပေးဇယားကို ဦးဆောင်နေသည့် လိုင်လီအသင်းနှင့် ရမှတ်ကွာဟမှုတစ်မှတ်သာ ရှိသောကြောင့် ရာသီပိတ်ပွဲစဉ်က ချန်ပီယံကို အဆုံးအဖြတ် ပေးသွားဖွယ် ရှိနေသည်။

အောင်ဇော်