ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ(၁၅)ရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၅၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

‌၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဝမ်နားခမ်းကျေးရွာ၊ နောင်ကုန်ကျေးရွာ၊ တင်ထပ်ကျေးရွာ၊ ဟက်ပီးကွယ်(၁)ကျေးရွာ၊ ဝမ်ပေါင်ကျေးရွာ၊ ဝမ်ပန်(အာခါ)ကျေးရွာ၊ ဝမ်တာပုံကျေးရွာ၊ ဝမ်တောင်းဟွေ့ကျေးရွာ၊ ဝမ်တောင်းနမ့်ကျေးရွာ၊ လောင့်တောင်းကျေးရွာ၊ လွယ်မွေရွာသစ်ကျေးရွာ၊ ကြိတ်ခေါင်အောက် ကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၁၂)ခု၊ ဝမ်ပိန်းကျေးရွာတွင် ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း (၁)ခု၊ နော်ယာဆိုင်းကျေးရွာတွင် မြေသားလမ်းခင်းခြင်းလုပ်ငန်း (၁)ခုနှင့် ဟွေခါး(ကချင်)ကျေးရွာတွင် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း(၁)ခု စုစုပေါင်းလုပ်ငန်း (၁၅)ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါကျေးရွာရှိ လုပ်ငန်းပေါင်း(၁၅)ခုကို ကျေးရွာတစ်ရွာလျှင် VDP စီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်းတစ်ရာ၊ ကျေးရွာပြည်သူထည့်ဝင်များကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၂ ခုနှစ် သြဂုတ်လ ပထမအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနူန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာ(၁၅)ရွာရှိ အကျိုးပြုအိမ်ခြေ (၆၂၇)အိမ်၊ လူဦးရေ (၃၉၅၃)ဦးတို့ကို အကျိုးပြုနိုင်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မောင်ခိုင်