ကျိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အမြန်းဆုံးလျော့ချနိုင်ရေး ဒေသခံပြည်သူများကို ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ အခဲမဲ့စစ်ဆေးပေး

ကျိုင်းတုံ အောက်တိုဘာ ၂၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း အမြန်ဆုံး လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်များကို ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းအား အောက်တိုဘာ ၂၈ ရက်က ရပ်ကွက်၊ ကျေးရွာများတွင်  RDT Test Kit ဖြင့် တာဝန်ရှိသူများက တိုးမြှင့်စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက် လျော့နည်းကျဆင်း လာသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်လျော့နည်း လာစေရေးအတွက် မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ  RDT Test Kit ဖြင့် လူဦးရေ ၆၅၂ ဦးအား အခမဲ့စစ်ဆေးပေးခဲ့ရာ ရောဂါပိုးကူးစက်ခံရသူ ၂၇ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက ၎င်းတို့အား အတည်ပြုလူနာ ကုသဆောင်သို့ စနစ်တကျ ပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

           

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိ/မရှိ စစ်ဆေးပေးခြင်းကို ကျိုင်းတုံမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များနှင့်  ကျေးရွာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)