ကျိုက်မရောမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး

ကျိုက်မရော   သြဂုတ်  

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများတွက် လစဉ် လဆန်း ၁ ရက်နေ့တိုင်း မွေးကင်းစမှ အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းများကို ယနေ့နံနက် ၉နာရီက စတင်ဆောင်ရွက်လျက်ရှိ​ ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးထိုး ဆေးတိုက်ရာတွင်  ဆေးထိုးစုရပ်များသတ်မှတ်၍ မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာ အုပ်စုများရှိ ကျေးလက် ကျန်းမာရေး ဆေးခန်းများတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံမှန် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာ၌ အသက်တစ်နှစ်အောက် ကလေးများအား ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက် အပိုင်းအခြားအလိုက် ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင် မိခင်လောင်းများကိုလည်း ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းများကို လဆန်းရက် နေ့များ၌ လစဉ် မပျက်မကွက် ပြုလုပ် ပေးလျက်ရှိကြောင်း ဘိန်းဗျော ကျေးရွာ ကျန်းမာရေးဆေးပေးခန်းမှ  သားဖွား ဆရာမထံက သိရသည်။

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)