နေပြည်တော်၊  ၂၇  ဒီဇင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မိကသစ်- မိနွတ်လမ်း သုံးမိုင်အနက် ကျောက်လမ်း နှစ်မိုင်ခင်းခြင်း၊ မိကသစ်- လေးအိမ်စုလမ်းပေါ်တွင် တံတား မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ဆင်လဲတောင်- တခလာ - ကျောက်ဘီလူး -မိခွမ်း-ကျောက် အင်းလမ်း တစ်မိုင်သုံးဖာလုံ ကျောက်လမ်းခင်းခြင်း၊ ရှေးဟောင်း သမိုင်းဝင် မဟာ ဖားအောင် လိုဏ်ဂူတော် အဝင်လမ်း တစ်မိုင်နှစ်ဖာလုံ ကွန်ကရစ်ခင်းခြင်း၊ အံကစင်(မွန်စု)လွှစင်ကုန်း-ကော့ခလိန်လမ်း လေးမိုင်ခုနစ်ဖာလုံအနက် ကတ္တရာလမ်း တစ်မိုင်ခင်းခြင်း လုပ်ငန်းများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၈၀၂ ဒသမ ၅၅၀ သန်းဖြင့် ယခုနှစ် အောက်တိုဘာလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ လုပ်ငန်းစုများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဂျိုင်းလော (သတင်းစဉ်)