ကျိုက်ဒုံ  ၂၅   နိုဝင်ဘာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းဖြစ် ကျိုက်ဒုံမြို့မဈေးအဝင် ယုဇနလမ်းဘေး ကွန်ကရစ်လမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ယုဇနလမ်းဘေး ထိုးချဲ့ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာမှာ လမ်းပေအရှည် ပေ ၃၆၀၊ အကျယ် ၅ ပေ၊ ၆ လက်မထုရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)