ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း( mask )များ အခမဲ့ဖြန့်ဝေ

လောက်ကိုင် ၈ ဧပြီ 

လောက်ကိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လောက်ကိုင်မြို့၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့်  နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို  ယမန်နေ့ မွန်းလွဲပိုင်းတွင် လူစည်ကားရာနေရာဖြစ်သည့် ကျောက်တိုင်ကွေ့ လမ်းဆုံနှင့် မြို့မဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

a

 

ဇော်ဇော်အောင်(ပြန်/ဆက်)