လှိုင်းဘွဲ     ၂၅      မေ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ  ကာလအတွင်း တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မျိုးစပါးအခက်အခဲများ မရှိစေရန် မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဒိုင်းပြကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

852

 

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်၍ ဘားအံခရိုင်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသက်ဆွေ၊ ခရိုင်မျိုးစေ့ တာဝန်ခံ  ဒေါ်စန်းစန်းမြိုင်၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးရဲကိုကို၊ လက်ထောက်ဦးစီးမှူး ဒေါ်ဆုမြတ်ဆွေ၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာလအတွင်း တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းအတွက် မျိုးစပါးအခက်အခဲ မရှိစေရန်၊ မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးကြစေရန် မိုးရာသီမျိုးစပါး ထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းများ လုပ်ဆောင်၍ မျိုးသန့်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မျိုးသန့်မျိုးစေ့ စိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးပြီး မျိုးစေ့ထုတ်စိုက်ကွက်များအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)