ဘားအံ ၁၄ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အများသုံးလက်ဆေးစင် အစုံ ၄၀ ကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
“လက်ဆေးစင်များကို လူစည်ကားရာနေရာတွေဖြစ်တဲ့ ကျေးလက်ဈေးတွေ၊ ထင်ရှားတဲ့ ဘာသာရေးအထိမ်းအမှတ် နေရာတွေ၊ ကျန်းမာရေးဌာနတွေ၊ အဝေးပြေးယာဉ် ရပ်နားစခန်းတွေလို နေရာမျိုးတွေမှာ ဆပ်ပြာနဲ့ ရေကိုအသုံးပြုပြီး အများပြည်သူ အလွယ်တကူ လက်ဆေးနိုင်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ ဘားအံမြို့နယ်အနေနဲ့ နေရာ ၄၀ မှာ အများသုံး လက်ဆေးစင် အခုရေ ၄၀ ကို တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါတယ်” ဟု ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
အများသုံးလက်ဆေးစင်များကို ဘားအံမြို့နယ်အတွင်း Quarantine Center များအပါအဝင် လူစည်ကားရာနေရာများ၌ ဧပြီ ၁ ရက်မှ စတင်တပ်ဆင်ခဲ့ရာ ဧပြီ ၁၂ ရက်နေ့တွင် အများသုံးလက်ဆေးစင်ပေါင်း ၄၀ ကို တပ်ဆင်ပြီးစီးခဲ့ကြောင်း သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


