တောင်ဥက္ကလာပ၊ ၄ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ယမန်နေ့က ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေ၊ကျောင်းသား (၅၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဗဟိုဥက္ကဋ္ဌ ဒေါက်တာ ဦးခင်ရွှေ မိသားစုတို့က ဆွမ်းဆန်တော် (၁၀)အိတ် ဆပ်ကပ်လှူဒါန်းခဲ့ရာ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကျောင်းအုပ် ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေထက်အောင်


