ကိုဗစ်-၁၉ ကာလအတွင်း ငရုတ်သီးဈေးနှုန်းကျဆင်းနေမှု‌ကြောင့် ငရုတ်စိုက်တောင်သူများ စိုက်ပျိုးစရိတ်ကျေရုံမျှသာ ဝင်ငွေရရှိ

ဟင်္သာတ   ၁၂   မေ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ငရုတ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် ငရုတ်စိုက်တောင်သူများ စိုက်ပျိုးစရိတ်ကျေမျှရုံသာ ဝင်ငွေရရှိကြောင်းသိရသည်။

 

“ယခုနှစ် သီးနှံပေါ်ယာသီအစတွင် ငရုတ်သီးအခြောက်တောင့် အချိန်ပိဿာ ၁၀ဝ လျှင် ကျပ် ၅ သိန်းနှင့် ကျပ် ‌၆ သိန်းခန့် ရောင်းချရပြီး ငရုတ်သီးလှိုင်လှိုင် ပေါ်ချိန်တွင် ကျပ် ၂ သိန်းဝန်းကျင်သာ ရောင်းချ နေရခြင်းကြောင့် အမြတ်ငွေရရှိမှု မရှိသည့်အပြင် အရှုံးမပေါ်ရေး အလုပ်သမားစရိတ်၊ ဓာတ်မြေဩဇာ စရိတ်များ ချွေတာပြီး ငရုတ်သီးအမှည့်များကို ဆွတ်ခူးနေရကြောင်း ငရုပ်စိုက်တောင်သူ ဦးဇော်မင်းသိန်း”က ပြောသည်။

 

ဟင်္သာတမြို့နယ်တွင် ငရုတ်စိုက်သူတောင်သူဦးရေသည် ယခင်နှစ်များထက် များပြားပြီး ဈေးနှုန်းအဆမတန် ကျဆင်းမှုကြောင့် တောင်သူများငွေကြေးလည်ပတ်မှု အခက်အခဲကြုံနေပြီး  ငရုတ်သီးဈေးကွက် ပြန်လည်ကောင်းမွန်ပြီး သင့်တော်သောဈေးနှုန်းနှင့် ရောင်းချနိုင်ရေးကို မျှော်လင့်နေကြောင်း သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)

 

mdn