ကိုဗစ် -၁၉ ကာကွယ်ဆေးကို မျှမျှတတထောက်ပံ့ပေးနိုင်ရေး ဂျီ-၇ ကျန်းမာရေးဝန်ကြီးများပြော

လန်ဒန် ၆ ဇွန်

ဂျီ- ၇ နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မျှမျှတတ ထောက်ပံ့ ပေးသွားနိုင်ရေးအတွက် လိုအပ်သည်ဟု ပြောကြားခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့သည် လက် တွေ့စမ်းသပ်မှုများကို ပြုလုပ်နေသည်။ ဂျီ-၇ ကျန်းမာရေးဝန်ကြီးများ ၏ နှစ်ရက်ကြာ အွန်လိုင်းအစည်း အဝေးတွင် ပူးတွဲထုတ်ပြန်ချက် ကြေညာခဲ့သည်။ ယင်းအစည်း အဝေးတွင် ဗြိတိန်နိုင်ငံက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

အနာဂတ်တွင် ကြုံတွေ့လာရမည့် ကျန်းမာရေးပြဿနာများကို ပိုမိုကောင်းမွန်အောင် ကိုင်တွယ် ဖြေရှင်းနိုင်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အတူ တကွတိုက်ဖျက်ကြရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လုံခြုံစိတ်ချရပြီး စွမ်းဆောင် ရည်မြင့်မားသော ကာကွယ်ဆေး များကို သာတူညီမျှဖြန့်ဝေပေးနိုင် ရေးမှာ အရေးကြီးသည်ဟု လည်း ပြောကြားခဲ့ကြသည်။ ထို့ပြင် ကာကွယ်ဆေးမည်မျှ မြန်မြန်အစွမ်းပြသလဲနှင့် လုံခြုံ စိတ်ချမှုမည်မျှ ရှိသလဲဆိုသည်ကိုသိရှိနိုင်ရေး လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။

ကိုဗစ် -၁၉ ကာကွယ်ဆေးမှာ ယခင် ကာကွယ်ဆေးများထက်စာလျှင် လျင်လျင်မြန်မြန်ထုတ်လုပ်ခဲ့သည့် ကာကွယ်ဆေးဖြစ်ကြောင်း ပြော ကြားသည်။

အင်န်အိတ်ချ်ကေ