ကျိန္တလီမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျိန္တလီ ဇွန် ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိသည်။ ကျိန္တလီမြို့နယ်တွင် အထက လေးကျောင်း၊ အထက(ခွဲ) တစ်ကျောင်း၊ အလက နှစ်ကျောင်း၊ အလက(ခွဲ) ငါးကျောင်း၊ မူလွန် ခြောက်ကျောင်း၊ အမက ၃၁ ကျောင်းနှင့် အမက(ခွဲ) နှစ်ကျောင်း စုစုပေါင်း ၅၁ ကျောင်းရှိသည်။

ဇော်လင်း(ပြန်/ဆက်)