ချန်းရဲ့ ဇနီး ဒုတိယမြောက်ရင်သွေးလေး မွေးဖွား

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ချန်းရဲ့ဇနီးဟာ လတ်တလောမှာ သူ့ရဲ့ဒုတိယမြောက်ရင်သွေးလေးကို မျက်နှာမြင်ခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ချန်းရဲ့ ဇနီးဟာ ဒုတိယမြောက်ရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့တာပါ။ လတ်တလောမှာတော့ အဆိုပါရင်သွေးလေးကို မွေးဖွားခဲ့ပြီး ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ ဖျော်ဖြေရေး အေဂျင်စီဖြစ်တဲ့ အက်စ်အမ်အင်န်တာတိန်းမန့်က ဇန်နဝါရီ ၁၉ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ချန်းဟာ ၂၀၂၀ ပြည့်နှစ်အတွင်း လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့ဇနီးမောင်နှံဟာ ပထမဆုံးရင်သွေးလေးကို အဲဒီနှစ် ဧပြီလအတွင်း မျက်နှာမြင်ခွင့်ရခဲ့ပါတယ်။

သူဟာ လက်ရှိမှာ စစ်မှုထမ်းဆောင်နေဆဲဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း စတင် စစ်မှုထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်