ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ  အေဂျက်အသင်း ၁၆ သင်းအဆင့် တက်လှမ်း

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဒေါ့မွန် အသင်းနဲ့ အေဂျက် အသင်း တို့ပွဲစဉ်မှာ အေဂျက်အသင်းက ဒေါ့မွန်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့် လေးပွဲကစားအပြီးမှာ လေးပွဲစလုံး အနိုင်ရရှိခဲ့ကာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အေဂျက် အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း  အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ ပထမပိုင်းပွဲကစားချိန် ၂၉ မိနစ်မှာ ဟမ်မဲလ်  တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး တစ်ယောက်လျော့အနေအထားနဲ့ ကစားခဲ့ရပြီး ပွဲကစားချိန် ၃၇ မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ဒေါ့မွန်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အေဂျက်အသင်းဟာ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ချေပဂိုးရရှိရေးစွမ်းဆောင် ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် ၇၂ မိနှစ်ရောက်မှသာ တာဒစ်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ အေဂျက်အသင်းဟာ ချေပဂိုးပြန်လည်ရရှိခဲ့ပြီးနောက် ပွဲကစားချိန် ၈၃ မိနစ်မှာ ဟယ်လာ၊ ပွဲကစားချိန် မိနစ် ၉၀ မှာ ကလာဆန်တို့ရဲ့ သွင်းဂိုးတွေထပ်မံရရှိခဲ့တာကြောင့် အေဂျက်အသင်းက ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်