ချန်ပီယံလိဂ်ပွဲစဉ် အများဆုံးကစားခွင့်ရရှိခဲ့သူဖြစ်လာတဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒို

mdn


အောက်တိုဘာ ၁၊ ၂၀၂၁

မန်ယူအသင်းတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ မန်ယူအသင်းနဲ့ ၂ ဗီလာရီးယဲလ်အသင်းတို့ စက်တင်ဘာ ၂၉ ရက်ညပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ပွဲထွက် ကစားခွင့်ရရှိခဲ့တာမို့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်း \ တစ်လျှောက်မှာ ပွဲစဉ်စုစုပေါင်း ၁၇၈ ပွဲ ပါဝင်ကစား ခွင့်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ် အများဆုံး ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါ တယ်။

လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုက ပွဲစဉ်စုစုပေါင်း ၁၇၈ ပွဲနဲ့ ပွဲစဉ်အများဆုံး ပါဝင်ကစားခွင့်ရရှိထားပြီး ဂိုးသမား ကာဆီးလက်စ်က ချန်ပီယံလိဂ်ပွဲစဉ် စုစုပေါင်း ၁၇၇ ပွဲနဲ့ ပွဲစဉ်ဒုတိယအများဆုံးပါဝင်ကစားခွင့်ရရှိထားတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တိုက်စစ်မှူးမက်ဆီက ၁၅၁ ပွဲ၊ ကွင်းလယ်ကစားသမား ဇာဗီကလည်း ၁၅၁ ပွဲ ပါဝင်ကစားထားတာဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်မှူး ရာအူးလ်ကလည်း ချန်ပီယံလိဂ်ပွဲစဉ် ၁၄၂ ပွဲအထိ ပါဝင်ကစားပေးထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပွဲစဉ်အများဆုံးပါဝင်ကစားခွင့်ရရှိထားတဲ့ ကစားသမား စာရင်းမှာ အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပွဲစဉ် ၁၇၈ ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူ အသင်းနဲ့ ဗီလာရီးယဲလ်အသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီးနောက် နာကျင်အချိန်ပို လေးမိနစ်မှာ မန်ယူအသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသွင်းဂိုးကြောင့် မန်ယူအသင်းဟာ ဗီလာရီးယဲလ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ် ပြီး လက်ရှိချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နှစ်ပွဲကစားပြီးနောက် ရမှတ်သုံးမှတ်နဲ့ အုပ်စုအဆင့် တတိယနေရာ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်