ချန်ပီယံလိဂ်(၁၆)သင်းအဆင့်တွင် မန်ယူအသင်း အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့

၁၃ ဖေဖော်ဝါရီ

ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံး/ထွက် ပထမအကျော့ ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက ပီအက်စ်ဂျီအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

နည်းပြဆိုးလ်ရှား လက်ထက်တွင် ရလဒ်ကောင်းတွေပိုင်ဆိုင်နေသည့် မန်ယူအသင်းမှာ ယခုပွဲစဉ်တွင် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရလဒ်ကောင်းတွေထပ်မံရယူနိုင်ရန်အတွက် ပီအက်စ်ဂျီအသင်းကို အကောင်းဆုံးပုံစံဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပထမပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက်ဂိုးမရှိ သရေရလဒ်ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်းတွင် ပီအက်စ်ဂျီအသင်းသည် တန်ပြန်တိုက်စစ်များကို အသုံးပြုကစားလာခဲ့ပြီး ပွဲချိန် ၅၃ မိနစ်တွင် ကင်ဘမ်ပေ က ဦးဆောင်ဂိုးစတင်သွင်းယူခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၀ မိနစ်တွင် ဘာပေ က ထပ်မံသွင်းယူခဲ့သည်။

မန်ယူအသင်းသည် ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ရေးအတွက် မျှော်လင့်ချက်အားနည်းခဲ့သလို နည်းပြဆိုးလ်ရှားလက်ထက်တွင် ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ရှုံး/ထွက် ပထမအကျော့ရလဒ်

မန်ယူ ဝ-၂ ပီအက်စ်ဂျီ

ရိုးမား ၂-၁ ပေါ်တို

MDN