ခင်ဦး ၂၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် UNICEF (မြန်မာ)မှ ကလေးစာပေ တိုင်းရင်းသားပုံပြင်စာအုပ်များကို လှူဒါန်းထားကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားပုံပြင် စာအုပ်များတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ ပညာပေးပုံပြင်များကို တိုင်းရင်းသားဘာသာစကားနှင့် မြန်မာဘာသာစကားဖြင့် ရိုက်နှိပ်ထားပြီး တိုင်းရင်းသားပုံပြင် (၂၅) မျိုးကို တစ်ဘာသာလျှင် (၁၀) အုပ် နှုန်းဖြင့် အုပ်ရေ (၂၅၀) ကို လှူဒါန်းထားရာ အခမဲ့လာရောက် လေ့လာဖတ်ရှု့နိုင်ကြောင်း သိရသည်။
ခင်ဦးစိုးဝေ


