ဟားခါး ဇွန် ၇
ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သစ်ခွဲသားတန်ချိန် ၂၇၁ ဒသမ ၁၈၅ တန်အား စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်သို့ ပို့ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online ဖြင့်ပြုလုပ်ရာ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ကော်မတီဒုတိယဥက္ကဋ္ဌ၊ မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာ၊ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး
အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖလမ်းမြို့အတွက် လိုအပ်သည့် သစ်ခွဲသားတန် ၁၉၀၊ တီးတိန်မြို့အတွက် သစ်ခွဲသား တန် ၃၀၊ တွန်းဇံမြို့အတွက် လိုအပ်သည့် သစ်ခွဲသား ၅၁ ဒသမ ၁၈၅ တန်ကို ကလေးမြို့မှ တစ်ဆင့် အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


