ခမောက်ကြီးဒေသရှိ ရော်ဘာများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ

ခမောက်ကြီး၊ ၁၈ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နှင့် ဒေသအနီးတစ်ဝိုက်တွင် ဉယျာဉ်ခြံလုပ်ငန်းများနှင့်အတူ ရော်ဘာခြံလုပ်ငန်းများလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း ယခုနှစ် ရာသီဉတုအခြေအနေအရ ရော်ဘာအထွက်နှုန်းကောင်းမွန်သဖြင့် မိသားစုအလိုက် ရော်ဘာအစေးများခြစ်ကြရာ ရော်ဘာအစေးခြစ်သမားများနှင့် ရော်ဘာခြံပိုင်ရှင်များ ဝင်ငွေတိုးလျက်ရှိကြောင်း ရော်ဘာခြံလုပ်သား ကိုထွန်းနောင်ထံမှ သိရသည်။

 

ခမောက်ကြီးမြို့ စူပါဝမ်းဆီအုန်းကုမ္ပဏီ အနီးတစ်ဝိုက်ရှိ ရော်ဘာခြံများအနက် ဧက(၄၀)ခန့်ရှိ ရော်ဘာခြံမှ တစ်နေ့လျှင် အပင်ပေါင်း (၃၀၀၀)ခန့်အား ရော်ဘာစေးများခြစ်ယူရာ ရော်ဘာပြားကီလို (၁၀၀၀)ခန့်ထွက်ရှိကြောင်း၊ ရော်ဘာပြားအထွက်ကောင်းသော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်သဖြင့် အဆင်ပြေသင့်သလောက် မပြေကြောင်း၊ ယခင်က တစ်ကီလိုလျှင် ထိုင်းဘတ် ၃၅ ဘတ်သာရရှိခဲ့ပြီး ယခုနှစ်တွင် တစ်ကီလိုလျှင် ၄၅ ဘတ်မှ ဘတ် ၅၀ ထိရရှိကာ မြန်မာကျပ်ငွေအားဖြင့် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ ဈေးကောင်းရရှိကြောင်း ရော်ဘာခြံပိုင်ရှင် ဒေါ်ဉမ္မာရွှေဒွေးက ပြောသည်။

 

 

နန့်လေးလေး (ပြန်/ဆက်)