ချီလီတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၅၀ဝ၀ဝ နီးပါးရှိလာ

၂၉ ဇူလိုင်

 

 

ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃၄၉၈၀ဝ ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၂၄၀ ဦး ရှိကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၈၇၆ ဦး တွေ့ရှိခဲ့ပြီး ၅၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ရောဂါကူးစက်ခံရမှုမှ ကျန်းမာရေး ကောင်းမွန်လာသူ ၃၂၂၃၃၂ ဦးရှိပြီး လက်ရှိအချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူ ၁၈၂၂၈ ဦး ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

ညမထွက်ရ အမိန့် အပါအဝင် စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အကူအညီဖြင့် လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရန် အစီအမံများနှင့် အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် လွန်ခဲ့သော လများက ကူးစက်မှု ကပ်ရောဂါအခြေအနေ တစ်ခုအဖြစ် ချီလီနိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ချီလီတွင် ရောဂါကူးစက်မှုများ ကျဆင်းလာသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ နေထိုင်သော စန်တီယာဂိုမြို့တော်နှင့် မြို့တော် အတွင်းရှိ ခရိုင် ၄၀ ခရိုင်အနက် ခုနစ် ခရိုင်တွင် အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုအစီအမံများ၏ တစ်စိတ်တစ်ပိုင်းကို ရုပ်သိမ်းကြောင်း သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2356