ချီလီတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ၃၀ဝ၀ဝ၀ ကျော် ရှိလာ

၈ ဇူလိုင်

 

 

ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုပေါင်း ၃၀၁၀၁၉ ရှိလာပြီး ကူးစက်ခံရမှုကြောင့် ၆၄၃၄ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

 

 

တစ်ရက်အတွင်း ၂၄၆၂ ဦး ရောဂါကူးစက်ခံရပြီး ဦးရေ ၅၀ ကျော် သေဆုံးခဲ့သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ထပ်မံကူးစက်ခံရသူများတွင် ရောဂါလက္ခဏာပြသူ ၁၉၄၆ ဦးရှိပြီး ၂၆၆ ဦးမှာ ရောဂါလက္ခဏာမပြကြောင်း ဖော်ပြထားသည်။

 

 

နိုင်ငံတစ်ဝှမ်းတွင် ၂၆၃၄၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဆဲဖြစ်ပြီး ကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာသူ ၂၆၈၂၄၅ ဦး ရှိသည်။

 

 

တစ်ရက်အတွင်း စမ်းသပ်စစ်ဆေးမှု ၁၂၀၆၅ ပြုလုပ်ခဲ့ပြီး မတ်လတွင် ကူးစက်မှုစတင်ဖြစ်ပွားချိန်ကတည်းက လူပေါင်း ၁၂၁၀၃၂၆ ဦးကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့သည်။

 

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စမ်းသပ်စစ်ဆေးမှု ၂၄ ဒသမ ၈၇ ရာခိုင်နှုန်း ပြုလုပ်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို