မတ် ၂၅
ချီလီနိုင်ငံတွင် တောမီးလောင်မှု ၂၇ ကြိမ်ဖြစ်ပွားခဲ့ရာ မြေဟက်တာ ၇၈၂၁ နီးပါးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ချီလီသမ္မတ ဂါဘရီရယ်ဘောရစ်က ယမန်နေ့ကပြောကြားသည်။
အာယူကာနီရာနှင့် ဘိုင်အိုဘိုင်အိုဒေသများတွင် ယမန်နေ့ကမီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်းနှင့် ဘေးလွတ်ရာ ရှောင်တိမ်းရန် အရေးပေါ်သတိပေးချက်အသက်ဝင်ကာ ကယ်ဆယ်ရေးစခန်းများတွင် လူ ၁၀၀ နီးပါး ခိုလှုံနေထိုင်ကြကြောင်း ချီလီသမ္မတက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
နိုင်ငံတစ်ဝန်း မီးလောင်မှု ၃၄ ကြိမ်ကို ထိန်းချုပ်နိုင်ပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။ နိုင်ငံတောင်ပိုင်း ဘိုင်အိုဘိုင်အိုနှင့် အာယူကာနီရာဒေသများအကြား ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် မြေဟက်တာ ၇၈၂၁ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။
ထရာအီဂူအန်ဒေသတွင် မြေဟက်တာ ၂၀၀၀ လောင်ကျွမ်းခဲ့ရာ အကြီးမားဆုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဂါဗာရီနိုဒေသတွင် မီးလောင်ကျွမ်းမှုကြောင့် မြေဟက်တာ ၁၁၃၆ ၊ ပါဒီလတ်ကတ်ဆတ်ဒေသတွင် မြေဟက်တာ ၁၀၃၉ ပျက်စီးဆုံးရှုံးခဲ့သည်။ ၎င်းဒေသအားလုံးသည် နိုင်ငံမြို့တော် ဆန်တီယာဂို၏တောင်ပိုင်း ကီလိုမီတာ ၆၅၀ ကျော်တွင် တည်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို