ချောင်းဦး ၁၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများကို ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ လက်ဝယ်အရောက်ဖြန့်ဝေ ပြီးစီးကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၏ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၂)အုပ်စုရှိ အိမ်ထောင်စုပေါင်း (၁၃၁၅၄)စုတို့အတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ဧပြီ ၁၂ ရက်မှစတင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
ချောင်းဦးမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေခြင်းကို ဧပြီ ၁၂ ရက်က မြို့ပေါ် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုတို့မှ အိမ်ထောင်စု (၃၃၄၀)စုသို့ လည်းကောင်း၊ ဧပြီ ၁၃ ရက်တွင် ကျေးရွာအုပ်စု (၁၆)အုပ်စုမှ အိမ်ထောင်စု (၅၉၁၄)စုသို့ လည်းကောင်း၊ ဧပြီ ၁၄ ရက်တွင် ကျေးရွာအုပ်စု (၈)အုပ်စုမှ အိမ်ထောင်စု (၃၉၀၀)စု သို့လည်းကောင်း စုစုပေါင်း အိမ်ထောင်စုပေါင်း (၁၃၁၅၄)စုတို့အတွက် ဆန် (၄၃၈၅)အိတ်၊ ဆီ (၆၆၀၀)ပိဿာ၊ ဆား (၁၆၇၅) ပိဿာ၊ ပဲ (၁၃၁၅၄)ပိဿာနှင့် ကြက်သွန်နီ (၁၃၁၅၄) ပိဿာတို့ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ယမင်း(ရွှေဦးမြေ)


