ချောင်းဆုံမြို့နယ်တွင် မတ်ပဲ၊ ရွှေဝါပဲများ အထွက်နှုန်းနည်းသဖြင့် ယခုနှစ်အတွင်း ပဲသိုလှောင်သူများနေ

ချောင်းဆုံ ၁ မေ 

           

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးရိတ်သိမ်း ချိန်အပြီး နှစ်စဉ်နှစ်သီးစား စိုက်ပျိုးကြသည့် ကော့မုပွန်ကျေးရွာ၊ ကညှော်ကျေးရွာ လယ်ဧကများတွင် မတ်ပဲ၊ ရွှေဝါပဲများကို စိုက်ပျိုးကြရာ ယခုနှစ်အတွင်း ပဲအထွက်နှုန်းနည်းခြင်း အလုပ်သမားရှားပါးမှု ပြဿနာများရှိနေကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

           

ယခုနှစ်တွေမှာ ပဲစိုက်ပျိုးချိန်က စပါးရိတ်သိမ်းတဲ့ အချိန်အပေါ်မှာဘဲ မူတည်ပြီး စိုက်ပျိုးရတာ ဖြစ်တဲ့အတွက် ပဲစိုက်ပျိုးတဲ့သူတွေက တစ်ဦးနှင့်တစ်ဦး စိုက်ပျိုးချိန်မတူတာတွေ ရှိကြောင်း၊ ယခုနှစ်တွင် ပဲ စိုက်ပျိုးချိန် တစ်ဧကလျှင် ၃ တင်း မှ ၅ တင်းနှုန်းသာထွက်ရှိပြီး ကာလပေါက်ဈေးအရတော့ တစ်တင်းလျှင် ၃ သောင်း နှုန်းရရှိကြောင်း ရာသီဉတုနှင့် စိုက်ပျိုးမြေ စက်ကိရိယာအခက်အခဲများ လည်းရှိကြောင်း ပဲစိုက်တောင်သူ ဦးထွန်းသိန်း က ပြောသည်။

           

ချောင်းဆုံမြို့နယ်တွင် မတ်ပဲ၊ ရွှေဝါပဲ၊ ဂျပန်ပဲ များကိုမြေဆီလွှာ ပေါ်မူတည်ပြီး စိုက်ပျိုးရာတွင် ရာသီဉတုအနေအထားအရ အစိုဓါတ်ခန်းခြောက်သည့်အတွက် ပဲအထွက်နှုန်းနည်းခြင်း များရှိကြောင်း၊ ပဲဈေး ကွက်မှာ ပဲအထွက်နှုန်းနည်းခြင်းကြောင့်  ကုန်သည်တွေက ဝယ်လှောင်ခြင်းများရှိကြောင်း၊ ပဲဝယ်ယူရာတွင် ဒေသပေါက်ဈေးအရ မတ်ပဲတစ်ပိဿလျှင် ၁၅၀၀ကျပ်၊ ရွှေဝါတစ်ပိဿ လျှင် ၁၇၀၀ ကျပ် ဖြင့်ဝယ်ယူနေရကြောင်း၊ ယခုအခါ ပဲဈေးတတ်မည့် အလားအလာပေါ်မူတည်ပြီး သိုလှောင်သူများရှိနေကြောင်း ပဲသိုလှောင်သူ ဦးဝင်းလှ ထံကသိရသည်။

           

ချောင်းဆုံမြို့နယ်တွင် ကော့မုပွန်၊ ကညှော် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးရပြီး စိုက်ဧက(၄၃၀၀) ဧကရှိပြီး အများစုမှ မတ်ပဲ၊ ရွှေဝါပဲများ စိုက်ပျိုးကြကြောင်း၊ ယခုအခါ ရာသီဉတုအခြေအနေအရ ပဲအထွက်နှုန်း လျော့နည်းလျက်ရှိကြောင်း၊ အလုပ်သမားအခက်အခဲများနှင့် စက်ကိရိယာရှားပါးမှုများရှိကြောင်း ပဲအထွက်နှုန်း လျော့နည်းရခြင်းဖြစ်ကြောင်း ပဲစိုက်တောင်သူအများထံမှ သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)