ချောင်းဆုံ ၁၆ စက်တင်ဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုး တက်ရေးအတွက် JICA (Two Step Loan) ချေးငွေဖြင့် တောင်သူလယ်သမားများသို့ ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချေးငွေများထုတ်ချေးပေးနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချောင်းဆုံမြို့ နယ်ဘဏ်(ခွဲ)တွင် စက်တင် ဘာ ၁၆ ရက်နေ့နံနက်(၁၀)နာရီက စက်ပစ္စည်းမိတ်ဆက်ခြင်းနှင့် ချေးငွေဆိုင်ရာအသိပေးရှင်းလင်းပွဲကို ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင် က လယ်ယာသုံးစက်ပစ္စည်းများဝယ်ယူရာတွင် ချေးငွေထုတ်ပေးမှုနှင့် အတိုးပြန်လည်ပေးသွင်းနိုင်ရေး၊ ချေးငွေနှင့် ပတ်သက်ပြီး လယ်သမားများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ချေးငွေဖြင့် လယ်ယာသုံးစက်ပစ္စည်းများ ဝယ်ယူမည့်အသုံးပြုနိုင်ရေးစသည်တို့ကို ပြောကြားခဲ့ပြီး ရည်ရွယ်ချက်အနေ ဖြင့် တောင်သူများသို့ ကာလရှည်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ချေးငွေများအလွယ်တကူရရှိစေရန်၊ အလုပ်သမားရှား ပါးမှု ပြဿနာများလျှော့ချနိုင်ပြီး လယ်ယာကဏ္ဍကို အခြေခံသော စီပွားရေးကဏ္ဍအဖြစ် ကုန်ထုတ်လုပ်မှုစွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ချိုချိုခင်က ပြောသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ချေးငွေကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် ရွှေကွန်း ဂွတ်(ဒ်)ဘရားသား(စ်)၊ စိမ်းရောင်စို၊ KMM အောင်ရတနာဖြိုး ISEKI ကုမ္ပဏီ များမှ တာဝန်ရှိသူများက ၄င်းတို့၏ လက်ယာသုံးပစ္စည်းများ၏ အရည်အသွေးနှင့် အသုံပြုပုံများ ကို ရှင်းလင်း ပြောကြားသည်။
JICA (Two Step Loan) ချေးငွေချေးယူမည့်တောင်သူများအနေဖြင့် တောင်သူတစ်ဦးလျှင် ချေးငွေပမာဏ အများဆုံး ကျပ်သိန်း(၅၀ဝ)နှင့် တောင်သူ(၃)ဦးမှ (၁၀)ဦးအထိ ပါဝင်သော အစုအဖွဲ့အတွက် ကျပ်သိန်း(၅၀ဝ၀)ထိ တောင်သူများမှ အမှန်လိုအပ်ချက်အပေါ် ချေးငွေစည်းကမ်းနှင့်အညီ စိစစ်ပြီးသည့် ငွေပမာဏကို ထုတ်ချေးပေး သွားမည်ဖြစ်ပြီး လယ်ယာစက်ကိရိယာဝယ်ယူရန် ဆန်စက်၊ ဆီစက်၊ ကြိတ်ခွဲ စက်၊ သန့်စင်စက်၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ စက်ရုံ၊ ဂိုဒေါင်၊ သိုလှောင်ရုံတည်ဆောက်ခြင်း၊ မွမ်းမံပြု ပြင်ခြင်း၊ ကုန်တင်ယာဉ် (ထရပ်ကား)များ၊ ထွန်စက်ကြီး၊ ရိတ်သိမ်းချွေလှေ့စက် စိုက်ပျိုးရေးနှင့် သက်ဆိုင် သည့် စက်ကိရိယာပစ္စည်းလုပ်ငန်းဆိုင်ရာများအပေါ်မူတည်ပြီး ချေးငွေသက်တမ်းအဖြင့် နှစ်တိုချေးငွေ (၃)နှစ် နှင့် နှစ်ရှည်ချေးငွေ(၅)နှစ်အထိ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


