ချောင်းဆုံ ဇွန် ၄
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချခြင်းကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များက အခြေခံပညာကျောင်းများ၌ ကျောင်းမုန့်ဈေးတန်းများကို စစ်ဆေးကာ တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေးကြသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၁၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းတို့တွင် ယနေ့အထိ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၅၁၂၂ ဦး၊ အလယ်တန်းအဆင့် ၆၅၀၈ ဦး၊ အထက်တန်းအဆင့် ၁၆၁၃ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၃၂၄၃ ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)


