ခြောက်ဘီးမော်တော်ယာဉ်တိမ်းမှောက်၍ လူသေဆုံးမှုဖြစ်ပွား

မတူပီ ၂၁ မတ်

မတူပီမြို့နယ် မတူပီ-ပလက်ဝ ကားလမ်း မိုင်တိုင်အမှတ်(၃) နှော်တဲ(က)ကျေးရွာလမ်းခွဲအနီး ကုန်းဆင်း၌ တွီရှစ်ကျေးရွာနေ ယာဉ်မောင်း ဗျက်ကျဲအို မောင်းနှင်သော ယာဉ်အမှတ် 6M/----- LIFAN (DUMP TRUCK) ခြောက်ဘီးယာဉ်သည် ယနေ့ ညနေ ၃ နာရီခွဲခန့်က အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်ပေါ်လိုက်ပါလာသူ ငါးဦးအနက် ခိုဘွေရပ်ကွက်နေ မောင်ဖီဆို၊ အသက် (၁၀) နှစ်သည် မတူပီပြည်သူ့ဆေးရုံး၌ ဆေးကုသမှုခံယူစဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ခိုဘွေရပ်ကွက်နေ ဦးလာဒ်ဒိန်းလျန် မှာ စိုးရိမ်ရသည့် အတွင်းလူနာအဖြင့် မတူပီမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဆလိုင်းအောင် (ပြန်/ဆက်)

 

mdn