ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်လာတဲ့ ဟိုမင်နဲ့ ဟွမ်အီဂျို

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ T-ara ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဟိုမင်နဲ့ ဘောလုံးကြယ်ပွင့် ဟွမ်အီဂျိုတို့နှစ်ဦး ဆွစ်ဇာလန်မှာ အတူရှိနေတဲ့ဓာတ်ပုံတွေကို အွန်လိုင်းမီဒီယာတစ်ခုက လတ်တလောမှာ ထုတ်ဖော်ပြသခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဇန်နဝါရီ ၃ ရက်က အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ ဒစ်ပက်ခ်ျက ဟိုမင်နဲ့ ဟွမ်အီဂျိုတို့ ဆွစ်ဇာလန်မှာ  ရောက်ရှိနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဟိုမင်နဲ့ ဟွမ်အီဂျိုတို့ဟာ ၂၀၂၂ ခုနှစ် နှစ်သစ်မှာ စတင်ပေါ်ထွက်လာတဲ့ ကြယ်ပွင့်စုံတွဲ တစ်တွဲ ဖြစ်လာခဲ့ပါတယ်။

အေးပြည့်