ကော့သောင်းမြို့နှင့် တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၅

 

ကော့သောင်းမြို့နှင့်  တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လွင်ကိုကို(ခ) ကိုကို ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုးပြည့်လှိုင်(ခ)မျောက်အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၅၆,ဝ၀ဝ ၊ ဘိန်းဖြူ သုည ဒသမ ဝ၂ ကီလိုတို့ကိုလည်းကောင်း၊  အလားတူ မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရေထွက်ဦးလမ်းရှိ သိန်းကျော် (ခ)ဖိုးကျော်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈,ဝ၀ဝ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)