ကော့မှူး၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကော့မှူး           စက်တင်ဘာ                 ၂၈

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဆိတ်သားများအား ဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက်ရောင်းချပေးခဲ့သည်။

 

ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေး စည်းကမ်းများနှင့်အညီ ဈေးဝယ်‌ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အား ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်။

 

ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး ဧည့်မထ တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့်လည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့် လည်းကောင်း ဆီ ၅၀ ကျပ်သားတစ်ဘူးကို ငွေကျပ် ၁၈၅၀ ကျပ်နှုန်းဖြင့်လည်း‌ကောင်း၊ ကြက်ဥ ၁၀ လုံး တစ်ကတ်လျှင် ၁၁၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အမဲသား ၁၀ သားလျှင် ငွေကျပ် ၁၂၀၀ နှုန်းနှင့် ဆိတ်သား ၁၀ သားလျှင် ငွေကျပ် ၁၇၀၀ နှုန်းတို့ဖြင့် လာရောက်ရောင်းချပေးခြင်း ဖြစ်သည်။

 

ကျော်သူရ(ကော့မှူး)