ကော့မှူး မေ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပျားမွှတ်ကျေးရွာနှင့် ဘို့ဒင်ကျေးရွာတို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမိုးဆမ်းပန်းနှင့် ဝန်ထမ်းများက ပျားမွှတ်ကျေးရွာရှိ တောင်သူ ၂၅ ဦး၏ နွား ၁၀၈ ကောင်နှင့် ဘို့ဒင်ကျေးရွာရှိ တောင်သူ ရှစ်ဦး၏ နွား ၃၂ ကောင်အား ကျွဲ၊ နွား လည်ချောင်းကွဲ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ပြီး တောင်သူများအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)