ကောလင်း ၊၂၁ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံလမ်းအား လွှတ်တော် ကျပ်သိန်း ၁၀ဝ၀ ခွဲဝေဘတ်ဂျက်မှ ဥက္ကံအုပ်စု၊ ရွှေတွင်းအုပ်စု၊ ဂွေးတောက်တောအုပ်စု စသည့် ၃ အုပ်စုအား တစ်အုပ်စုလျှင် ကျပ် ၂၅ သိန်းနှုန်းဖြင့် ၃ အုပ်စုပေါင်း ကျပ် ၇၅ သိန်းချထားပေးဝေခဲ့ရာ ၁ အုပ်စုလျှင် ဂျင်းမြေ ၁ မိုင်နှုန်းဖြင့် (၃)မိုင်သာ ရရှိမည်ဖြစ်သော်လည်း မြေသားလမ်းခင်းရမည့် ကျန်ရှိသည်မှာ (၅)မိုင်ခန့်ကျန်ရှိနေမည် ဖြစ်သည့်အတွက် (၃)အုပ်စုဖြစ်သော ဥက္ကံ၊ ရွှေတွင်းနှင့် ဂွေးတောက်တောအုပ်စုမှ အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်မှုဖြင့် ကျန်ရှိနေသော (၅)မိုင်အား အလှူရှင်များ လှူဒါန်းသောငွေများဖြင့် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ကောလင်း-ဥက္ကံလမ်းပိုင်းတွင် ခေါတောကျေးရွာအထိ ကတ္တရာလမ်းများ ကောင်းမွန် နေသော်လည်း  ခေါတောကျေးရွာနှင့် ဥက္ကံကြားလမ်းပိုင်းသည် ကျောက်ခင်းလမ်းဖြစ်နေသည့်အတွက်  ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ဆိုင်ကယ်များ သွားလာကြရာတွင် လည်းကောင်း၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စသည့် အကြောင်းကိစ္စများဖြင့် သွားလာကြရာတွင် အချိန်တိုအတွင်း မရောက်ရှိဘဲ နှောင့်နှေးကြန့်ကြာသည့် အခက်အခဲများနှင့် ကြုံတွေ့ရသဖြင့်  ယခုလို ကျန်ရှိနေသော (၅)မိုင်လမ်းပိုင်းအား လွှတ်တော်ရန်ပုံငွေအပြင် အလှူရှင်များ၏ စေတနာဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)