ကျောက်တံတား၊ ၂၁ မေ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ အား ၂၀၂၀ - ၂၀၂၁ ပညာ သင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူနိုင်ရေးအတွက် မေ ၂၄ ရက်မှ စတင်ကာ ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းအပ်နှံခြင်းကို မေလ(၂၄)ရက်မှ စတင်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၅)ကျောင်းတို့တွင် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ကျောင်းအပ်နှံပါက အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိသည့်ပြင်၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်


