ကျောက်တံခါးမြို့နယ်  ပဲနွယ်ကုန်း - ကျောက်ကြီးကားလမ်းရှိ တံတားအမှတ်(၁/၅)  ကွန်ကရစ်တံတားကို KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ  အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး

 

 

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း - ကျောက်ကြီးကားလမ်းရှိ တံတားအမှတ် (၁/၅) ကွန်ကရစ်တံတားကို KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် နရွဲပင်ကျေးရွာ ပဲနွယ်ကုန်း - ကျောက်ကြီးကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံ အနီးရှိ အရှည် ၁၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၀ ပေခန့်ရှိ တံတားအမှတ် (၁/၅) ကွန်ကရစ်တံတားအား KNU အဖွဲ့မှ အကြမ်း ဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ ထိပ်နှစ်ဖက်မှာ ကတ္တရာလမ်း အစပ်မှတစ်ပေခန့်စီ ကွဲအက်ပျက်စီးကာ တံတားဝဲဘက် လက်ရန်းသည် လမ်းနှင့် တစ်ပေခန့် နိမ့်ဆင်းပျက်စီးခဲ့ပြီး ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

 

mdn

 

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးသွားသည့် တံတားကို အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများ ကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်