ကျောက်ထုတွင် နှီးဖြင့်ရက်လုပ်သည့် တောင်းများ ရောင်းအားကောင်း

ကျောက်ထု ၂၆  ဖေဖော်ဝါရီ 


ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ ဝါးနှီးဖြင့် ရက်လုပ်သည့် တောင်းအမျိုးမျိုးမှာ ရောင်းအားကောင်းလျက် ရှိသည်ကို တွေ့ရသည်။ 

 

http://www.mdn.gov.mm/sites/default/files/inline-images/KTU%20TAUNGG%202.jpg


တောင်းရက်ရန် တန်ဆောင်မုန်းလတွင် ခုတ်သည့် တန်ဆောင်မုန်းနှီးကို အသုံးပြုရကြောင်း၊ တန်ဆောင်မုန်းနှီးသည် အနုအရင့် သင့်ပြီး ပိုးမွှားကင်းကြောင်း၊ ရက်လုပ်ရာတွင်လည်း လွယ်ကူစေကြောင်း ပန်းဆန်ကျေးရွာနေ ဦးကျင်သိန်းက ပြောသည်။ 


အဆိုပါ ဒေသတွင် တောင်းတစ်မျိုး သာမက ဆန်ကော၊ ဆန်ခါ၊ ရေအိုးဖုံး၊ ဝါးဖျာ၊ လွယ်ပလိုင်း၊ ထွန်း စသည်တို့ ရက်လုပ်၍လည်း ရောင်းချကြကြောင်းနှင့် ဒေသသုံးအဖြစ်သာ အဓိကထား ရက်လုပ်ရောင်းချကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN