ကျောက်ထုတွင် ခရမ်းပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး

ကျောက်ထု  ၁၆  ဇူလိုင်

 

ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသတွင် အိမ်စားသုံးဖူလုံရေးအတွက် ခရမ်းပင်များကို ဥယျာဉ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

 

အဆိုပါခရမ်းပင်များအား အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး ဒေသတွင်းစျေးကွက်များသို့ တင်ပို့ရုံသာမက မင်းတပ် မတူပီ မြို့များသို့ပါ တင်ပို့ရောင်းချရကြောင်း သိရသည်။

 

ယခုအခါ ခရမ်းသီး တစ်ပိဿာလျှင် ၇၀၀ ကျပ်နှုန်းဖြင့် တင်ပို့ရောင်းချရပြီး မိသားစုဝင်ငွေ တိုးတက်ရရှိကြောင်း ဂုံဘိုရပ်ကွက်မှ ခရမ်းစိုက်ပျိုးသူ ဒေါ်ငိုင်းပိုင်၏ ပြောကြားချက်အရ သိရှိရသည်။

 

မောဟေမာန် (ပြန်/ဆက်)