ကော့ကရိတ် ၁၆ အောက်တိုဘာ
ကရင်ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ တံတားဦးကျေးရွာ၊ ကော့ခိုက်ကျေးရွာတို့တွင်လျှပ်စစ်မီးရရှိခဲ့ကြောင်း သိရသည်။
ကျေးရွာ(၂)ရွာ မီးလင်းရေးအတွက် ကရင်ပြည်နယ် အစိုးရရန်ပုံငွေဖြင့် (၁၁) ကေဗွီ ဓါတ်အားလိုင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တံတားဦးကျေးရွာတွင် ၁၀၀ကေဗီအေတစ်လုံး(၁.၂)မိုင်အရှည်ငွေကျပ် (၃၉.၆)သန်း၊ ကော့ခိုက်ကျေးရွာတွင်၂၀၀ကေဗီအေတစ်လုံး၊ ၁၀၀ကေဗီအေတစ်လုံး(၁)မိုင်အရှည် ငွေကျပ်(၄၉)သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စုစုပေါင်းကုန်ကျငွေ ကျပ်( ၇၈.၆) သန်း ဖြစ်ပြီး လျှပ်စစ်မီးရရှိသည့် ကျေးရွာများမှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ(၂)ရွာ မီးလင်းခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာ (၂)ရွာတွင် ကျင်းပခဲ့ရာ ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကော့ကရိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်မျိုးသန့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)


