ကျောက်ပန်းတောင်း  ၁၄    အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သည့် Mask စွန့်ပစ်ရန် သီးသန့်အမှိုက်ပုံးများအား ကျောက်ပန်းတောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဌာနဆိုင်ရာများနှင့် Quarantine Center များသို့ ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေ ခန်းမတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သီးသန့်အမှိုက်ပုံများမှာ သံဖရိမ်နှင့်ပြုလုပ်ထားပြီး ပလတ်စတစ်အမှိုက်ပုံးထည့်၍ ခြေနင်းဖြင့် အဖွင့်အပိတ် လုပ်နိုင်အောင် ဆောင်ရွက်ထားရှိပြီး၊ အသုံးပြုပြီး နှာခေါင်းစည်း(Mask) များ စွန့်ပစ်ရန်အတွက်ဖြစ်ကြောင်းနှင့် အများပြည် သူအဝင်း/အထွက်များသည့်  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပညာရေး၊ စီးပွားရေးဘဏ်နှင့် မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်များ၊ Quarantine Center များအတွက် ပထမအသုတ်အနေဖြင့် (၅၂)လုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က တာဝန်ရှိသူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်အတွက် သီးသန့်အမှိုက်ပုံး စုစုပေါင်း(၄၀ဝ) ကျော် တင်ပြ တောင်းခံထားရာ ထပ်မံရောက်ရှိလာပါကလည်း လိုအပ်သည့်ဌာနဆိုင်ရာများနှင့်လူစည်ကား ရာနေရာများတွင် အသုံးပြုနိုင်ရန်အတွက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောပါသည်။

 

နေအောင်(ပြန်/ဆက်)