ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၄ ပြားနှင့် ရောင်းဝယ်သုံးစွဲသူအား ဖမ်းမိ

ကျောက်ပန်းတောင်း   ၂၂   မတ်


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ သာယာအေးရပ်ကွက်တွင် မတ် ၂၁ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ က မူးယစ်ဆေးဝါး သတင်းအရ သွားရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၄ ပြား၊ ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ၊ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်/သုံးစွဲသူဟု သံသယရှိသူ လူငယ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့ မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုတိယရဲအုပ် အောင်သန့်ဇော် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည်၊ မူးယစ်ဆေးဝါး သတင်းအရ သက်သေများအဖြစ် သာယာအေးရပ်ကွက် နယ်မြေမှူး ဦးဝင်းညွန့်၊ ဈေးကွက်သစ်ရပ်ကွက်နေ ဦးစိုးဝင်းလှိုင်နှင့် မြို့မကွက်သစ်ရပ်ကွက်နေ ဦးမောင်ဇော် တို့နှင့်အတူ၊ သာယာအေးရပ်ကွက် နယ်မြေ(၉)ရှိ မောင်ဇင်ကိုလတ်(၂၁)နှစ် ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့သည်။
  မောင်ဇင်ကိုလတ်အား နေအိမ်တွင် အသင့်တွေ့ရှိရပြီး နေအိမ် အိပ်ခန်းအတွင်းမှ လိမ္မော်ရောင်အအေးစုပ်ပိုက် အပိုင်းအစအတွင်း ထည့်လျှက် WY စာတန်းပါ လိမ္မော်ရောင် ဆေးပြား(၅)ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ဗူးအဖုံးတွင် အပေါက်ဖောက်ထားသော COCACOLA တံဆိပ်ပါ အချိုရည်ဘူးသေး(၁)ဘူး၊ ဂက်စိမီးခြစ်(၂)လုံး၊ စိတ်ကြွဆေးပြားများ ရောင်းဝယ်ရာတွင် ဆေးပြားများ ထည့်သွင်းရန် အသုံးမပြုရသေးသော ရောင်စုံအအေးစုပ်ပိုက် အလွတ်အချောင်း ၃၀၊ အိပ်ခန်းအတွင်းရှိ သစ်သားစားပွဲပေါ်တွင် အအေးစုပ်ပိုက်အစအတွင်း ထည့်လျှက် WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား (၃)ပြား၊ဘုရားခန်းအတွင်းသော့ခတ်ထားသော သေတ္တ ာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားရောင်းဝယ်ရာမှ ရရှိသည်ဟုယူ ဆရသော မြန်မာငွေစက္ကူရောရာ (၂၆၁၅၀ဝ)ကျပ်၊ မီးဖိုခန်းအတွင်း စားပွဲပေါ်ရှိ နှစ်ဆင့်ခွဲစတီးခြိုင့်အတွင်းမှ WYစာတန်းပါ လိမ္မော်ရောင်ဆေးပြား(၈၈) ပြား၊ အစိမ်းရာင်(၂)ပြား စုစုပေါင်း(၉၀)ပြားပါ (၁)ထုပ်နှင့် WY စာတန်းပါ လိမ္မော်ရောင် ဆေးပြား (၈၄)ပြား၊ အစိမ်းရောင်(၂)ပြား စုစုပေါင်း(၈၆)ပြားပါ(၁)ထုပ်၊ မီးဖိုခန်းအတွင်း စားပွဲခုံအောက်ကြမ်းပြင်တွင် အချိုရည် (အစိမ်းရောင်)အခွံအတွင်းမှ ရောင်စုံအအေးစုပ်ပိုက်အပိုင်းအစများနှင့်ထည့်လျှက် WY စာတန်းပါ ဆေးပြား (၁၂၅၀) ပြား၊ စိတ်ကြွဆေးပြား ရောင်းဝယ်ရာတွင် ဆက်သွယ် အသုံးပြုသည်ဟု ယူဆရသော လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆင်းကတ် ၂ ကတ်၊ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၁၄၃၄)ပြား၊ အလေးချိန်(၁၄၃.၄)ဂရမ်ခန့်၊ မြန်မာငွေစက္ကူရောရာ ကျပ် ၂၆၁၅၀ဝ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်/သုံးစွဲသူဟု ယူဆရသူ မောင်ဇင်ကိုလတ်(၂၁)နှစ်အား ကျောက်ပန်းတောင်းမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်ထားပြီး၊ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။


နေအောင်(iprd)