ကျောက်မဲ ၁၅ စက်တင်ဘာ
မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင် ကျောင်းအခြေပြု မီနီမာရသွန် အပြေးပြိုင်ပွဲကို ကျောက်မဲမြို့၌ ယနေ့ နံနက် ၆ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀ဝ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှ တာလွတ်၍ ခရိုင် ပြည်သူ့အားကစားကွင်း၌ ပန်းဝင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ပန်းဝင်ခဲ့ကြသော ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၂၀ ဦး ပေါင်း ၄၀ ဦးတို့ကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


