ကျောက်ကြီး၊      ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး အော်တိုတယ်လီဖုန်း(ကြိုးဖုန်း)အစား အော်တိုတယ်လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း မြန့်မာဆက်သွယ်ရေး လုပ်ငန်း မြို့နယ် အော်တိုအိတ်ချိန်းရုံးက သိရသည်။

ကျောက်ကြီးမြို့ မြန့်မာဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်အသုံးပြု ဧရိယာအတွင်းရှိ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အသုံးပြုသုံးစွဲနေသည့် မြို့နယ် ဌာနဆိုင်ရာရုံးများ၊ လုပ်ငန်းရှင်များ၊ အိမ်ဖုန်းများအား အော်တိုတယ်လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်းလဲတတ်ဆင်ပေးပြီး အသုံးပြုစေမည်ဖြစ်သည်။ ယခင်က ကျောက်ကြီးမြို့တွင် လက်လှည့် တယ်လီဖုန်းကိုသာ အသုံးပြုခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်း၌ အော်တိုတယ်လီဖုန်း( ကြိုးဖုန်း) အသုံးပြု၍ လည်ကောင်း၊ ယခု ၂၀၂၁ ခုနှစ်မှ စတင်ပြီး အော်တိုတယ်လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်းလဲတပ်ဆင်ပေးပြီး အသုံးပြုသွားမည်ဖြစ်ကြောင်း မြန့်မာဆက်သွယ်ရေးလုပ်ငန်း မြို့နယ် အော်တိုအိတ်ချိန်းရုံး တာဝန်ခံ ထံမှ သိရသည်။

ကျောက်ကြီးမြို့တွင် အော်တိုတယ်လီဖုန်း(ကြိုးဖုန်း)  အသုံးပြုသူ (၁၆၅)ဦးရှိပြီး၊ အော်တိုတယ်လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ (၆၉) လုံး ပြောင်းလဲတတ်ဆင်ပေးပြီး ဖြစ်ကြောင်း၊ ကျန်နေသေးသည့် အော်တိုတယ်လီဖုန်း( ကြိုးဖုန်း)များကိုလည်း ဆက်လက်လဲလှယ် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလို ပြောင်းလဲ တပ်ဆင်လိုက်သည့်အတွက် ယခင် ကြိုးလိုင်းထက် ပိုတည်ငြိမ်စွာ ဆက်သွယ်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ကြိုးလိုင်းစနစ်တွင် တွေ့ကြုံလေ့ရှိသော ရံဖန်ရံခါလိုင်းပျက်တတ်ခြင်း အခြေအနေအရ လိုင်းပြုပြင်ချိန်ကြာမြင့်တတ်ခြင်း၊ လိုင်းပျက်တတ်ခြင်းများ ကင်းဝေးသွားမည်ဖြစ်ကြောင်း၊ မိမိတယ်လီဖုန်းကို အခြားတစ်နေရာသို့ ပြောင်းရွေ့တပ်ဆင်လိုပါက၊ ကြိုးလိုင်းစနစ်ကဲ့သို့ ကြိုးလိုင်းအဆင်သင့်မဖြစ်ခြင်း၊ လိုင်းတပ်ဆင်ချိန်စောင့်ဆိုင်းရခြင်း အခက်အခဲတို့ ရင်ဆိုင်ရမည်မဟုတ်ဘဲ လျှင်မြန်စွာပြောင်းရွေ့နိုင်ကြောင်း၊ အော်တိုတယ်လီဖုန်း(ကြိုးဖုန်း) အစား အော်တိုတယ်လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်းလဲလိုက်သည့်အတွက် လက်ရှိဖုန်းနံပါတ် (၅) လုံး ကို နောက်ထပ် ဂဏန်း (၂) လုံး (၄၇) ကိုရှေ့မှ ထပ်ပေါင်းထည့်ပြီး စုစုပေါင်း ဂဏန်း (၇) လုံးဖြင့် အသုံးပြုသွားရမည်ဖြစ်ကြောင်း မြန့်မာဆက်သွယ်ရေးလုပ်ငန်း မြို့နယ် အော်တိုအိတ်ချိန်းရုံး တာဝန်ခံ ဦးတင်နိုင်ထွန်းမှ ပြောကြားသည်။

ကိုသားကြီး(ကျောက်ကြီး)