ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၃၇)ဦး ထပ်မံတွေ့ရှိ

ကျောက်ဆည် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သီရိသာသနာ့ဗိမာန်တွင် ကိုဗစ်-၁၉ ရောဂါပိုး သံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် ယနေ့ နံနက် ၉ နာရီခွဲက စစ်ဆေးခြင်းရာ (၃၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အမျိုးသား (၆၀)ဦး၊ အမျိုးသမီး (၂၆)ဦး စုစုပေါင်း (၈၆)ဦးအား စစ်ဆေးရာတွင် အမျိုးသား (၂၀)၊ အမျိုးသမီး (၁၇)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျောက်ဆည်မြို့နယ်တွင် ဇူလိုင်လ (၁၄)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသား (၁၄၀)၊ အမျိုးသမီး (၇၃) ဦး စုစုပေါင်း (၂၁၃)ဦးရှိရာ ကျန်းမာရေးကောင်းမွန်လာသောကြောင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ အမျိုးသား (၉၃)ဦး၊ အမျိုးသမီး (၃၆)ဦး၊ စုစုပေါင်း(၁၂၉)ဦးရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူအမျိုးသားများအား သီရိသာသနာ့ဓမ္မာရုံ ဆွမ်းစားဆောင်တွင် လည်းကောင်း၊ အမျိုးသမီးများကို မြင်စိုင်းခန်းမတွင် Facility Quarantine ထားရှိပြီး ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များကလည်း လိုအပ်သည်များကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)