ကျောက်ဆည် မတ် ၁၅

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေးနည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက လျာထားစိုက်ပျိုးလျက်ရှိသည်။

 

ထိုသို့ လျာထားစိုက်ပျိုးရာတွင် နွေစပါးများကို ဇော်ဂျီဆည်ရေဖြင့် ၄၇၀၉ ဧက၊ ကင်းတားဆည်ရေဖြင့် ၂၂၃ ဧက၊ နွေနှမ်းသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၃၁၀၃၇ ဧက၊ ကင်းတားဆည်ရေဖြင့် ၁၃၁၂၉ ဧက၊ သစ်တက္ကုန်းဆည်ရေဖြင့် ဧက ၄၀၊ မိုးကြိုပဲတီစိမ်းသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၂၇၆၇ ဧက၊ ကင်းတားဆည်ရေဖြင့် ၅၂၉ ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါသီးနှံများကို ကင်းတားဆည်ရေဖြင့် ဧက ၁၀၀၊ အခြားသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၁၈၁ဧက စုစုပေါင်း ၅၂၇၁၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

လျာထားနွေစပါးသီးနှံများ ပြည့်ဝကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်များအလိုက် အလှည့်ကျရေပေးဝေရေးစနစ်ဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)